ဗန်းမော်       နိုဝင်ဘာ     

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ () ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ဒေသန္တရဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းများ တာဝန်ပေးအပ်ခြင်း ကို နိုဝင်ဘာ ရက် မွန်းလွဲ နာရီက ဗန်းမော်ခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

 

ရှေးဦးစွာ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦးက ဗန်းမော်ခရိုင်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ () ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာခရိုင်အဆင့် ဌာန ဆိုင်ရာများနှင့် မြို့နယ်များကို တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဗန်းမော်ခရိုင်၏ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များကို ပြည့်မီအောင် သက်ဆိုင်ရာ ခရိုင်နှင့်မြို့နယ်ဌာနများမှ အောက်ခြေအထိ ကွင်းဆင်းပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြရန်နှင့် ပြည်သူများ၏ အမှန်တကယ် လိုအပ်ချက် ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။  ယင်းနောက် ဗန်းမော်ခရိုင်စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှိုင်ဦးက ဗန်းမာ်ခရိုင်၏ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ () ဒေသန္တရ စီမံကိန်းရည်မှန်းချက်များနှင့် ဒေသန္တရဖွံ့ဖြိုးမှုလုပ်ငန်းစီမံကိန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦးက သက်ဆိုင်ရာခရိုင်အဆင့်ဌာနဆိုင်ရာများထံသို့ စီမံကိန်းတာဝန်များပေးအပ်ခြင်း၊ ဗန်းမော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးဘုန်းမော်မိုးက ဗန်းမော်ခရိုင်အတွင်းရှိ ဗန်းမော်၊ မိုးမောက်၊ မန်စီနှင့် ရွှေကူမြို့နယ်များ၏ စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ ဥက္ကဌ များထံသို့ စီမံကိန်းတာဝန်များကို  အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)