နတ်မောက် နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး မှ မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ် လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ရုံးတွင် လည်းပိတ်ရက်မရှိနေ့စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နိုဝင်ဘာ(၈)ရက်က နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ နိုင်ငံသား စိစစ်ရေးကတ်များလာရောက်ပြုလုပ်ကြရာ ၃(က)ဖြင့်ပြုလုပ်သူကျား(၂)ဦး၊မ(၁)ဦး၊ ၆(က)ဖြင့်ပြုလုပ်သူ ကျား(၇)ဦး၊ မ(၈)ဦး၊ လဲလှယ်သူ ကျား(၁၀)ဦး၊ မ(၄)ဦး၊ မိတ္တူကျား(၂)ဦး၊ မ(၆)ဦး စုစုပေါင်းလူဦးရေ (၄၀) အား ပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ရပ်ကွက် (၇) ရပ်ကွက်၊ ကျေးရွာပေါင်း (၂၃၄) ရှိပြီး အဆိုပါရပ်ကွက်/ကျေးရွာများရှိ နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်သူများနှင့်အိမ်ထောင်စုလူဦးရေစာရင်းပြုလုပ်သူများ စုစုပေါင်း(၂၄၄၁)ဦးရှိပြီဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိဦးမျိုးတင့်ထံက သိရသည်။ သင်းသင်းမြတ်(ပြန်/ဆက်)


