ညောင်ဦး နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံသည့် နေရာပြောင်းလဲထိုးနှံမည့် နေရာများကို ပြည်သူများသိရှိစေရန်အတွက် နိုဝင်ဘာ ရက် မွန်းလွဲ နာရီနှင့် နိုဝင်ဘာ ရက် နံနက် နာရီတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမည့် နေရာများအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများအသံချဲ့စက်ဖြင့် ကျေးရွာ/ရပ်ကွက်များသို့ လိုက်လံအသိပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းအား ညောင်ဦးမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမတွင် ထိုးနှံပေးခဲ့ရာမှ ယခုအခါ ရွှေစည်းခုံ ဝေဇယန္တာဗိမ္မာန်တော်ကြီးတွင် ပြည်သူများ အလွယ်တကူထိုးနှံနိုင်ကြရန် ရွေ့ပြောင်းထိုးနှံပေးသွားမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဦးစားပေးအစီအစဉ်အလိုက် အဓိကအလေးထား ဆောင်ရွက်လျက်ရှိရာ ညောင်ဦးမြို့နယ်အတွင်းရှိ အသက် ၄၀ နှစ်မှ ၅၉ နှစ်၊ အသက် ၆၀ နှစ်မှ အသက် ၆၉ နှစ်နှင့်အထက်၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် မကူးစက်နိုင်သော ရောဂါရှိသူများအား လည်းကောင်း၊ ပထမအကြိမ် Sinopham ဆေးထိုးပြီး ဒုတိယအကြိမ်ဆေးထိုးရန် ကျန်ရှိသူများအားလည်းကောင်း၊ ယနေ့တွင် နံနက် နာရီမှစတင်ပြီး ရွှေစည်းခုံဘုရား ဝေဇယန္တာဗိမ္မာန်၊ ပုဂံအ..က၊ တောင်ဇင်းအ..က၊ ငါ့သရောက်တိုက်နယ်ဆေးရုံတို့တွင် ကာကွယ်ဆေးထိုးနှံ ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူများ သိရှိနိုင်စေရန် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပ ြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်ထံက သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)