ကန့်ဘလူ နိုဝင်ဘာ ၉

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်နှင့် ဇီးကုန်း မြို့တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ပထမခြောက်လတာကာလ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် ၄၄၃၁ ဒသမ ၈၁၁ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီ မံကိန်းရေးဆွဲရေးဦးစီးဌာနမှ သိရသည်။

                     

ကန့်ဘလူခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ဆည်တမံတို့တွင် လိုအပ်သော နေရာများ၌ ကျောက်ကြီးလိုင်နင်စီခြင်း၊ ကျောက်ကြီးစီခြင်းနှင့်ယာဥ်တားနံရံများပြုလုပ်ခြင်း၊ ရေသွင်းမြောင်း ကျောက်ကြီးစီနံရံတည်ဆောက်ခြင်း၊ လျှပ်စစ်ရေတင်လုပ်ငန်း အပြီးသတ်ဆောင်ရွက်ခြင်း၊ ကမ်းပြိုကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ခြင်း၊ ရုံးသုံးစက်ကိရိယာများ၊ ပရိဘောဂများနှင့်ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်း၊ စုပေါင်းရုံး၊ ဝန်ထမ်းအိမ်ရာ၊ ဝန်ထမ်းနေအိမ်များ အုတ်တံတိုင်းကာရံခြင်း၊ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ တိုးချဲ့တည်ဆောက်ခြင်း၊ မြို့နယ်ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ ကတ္တရာလမ်းချဲ့ခြင်း၊ ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းနှင့် ကျောက်ရောမြေလမ်း ပခုံးခင်းကြိတ်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများ(မြေ +ဂျင်း)ခင်းခြင်း၊ ရေကျော်နှင့်တံတားများ တည်ဆောက်ခြင်း ၊ မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း၊ ကတ္တရာခင်းခြင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း ၊ Box Culvert များတည်ဆောက်ခြင်း၊ မြို့ရေပေးရေးဂိတ်ဘားများ ပြုပြင်ခြင်းနှင့် ပိုက်လိုင်းများပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း (ကန့်ဘလူ)