မိုင်းရယ် နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ယမန်နေ့က သံသယလူနာများအဖြစ် ရောက်ရှိလာသူ (၁၆၀)ဦးအား RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၅)ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းရယ်မြို့နယ်တွင် ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၃၃၇ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၂၉၉ ဦး၊ သေဆုံးလူနာ ၅ ဦး၊ ဆေးကုသမှုမခံယူခဲ့သူ ၁ ဦးနှင့် ဆေးရုံ၊ မိခင်နှင့်က လေးဆေးခန်းနှင့် မူကြိုကျောင်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသူ (၃၂)ဦးရှိကြောင်း သိရသည်။
မိုင်းရယ်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအရောက် အသိပညာပေးနိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ကျော်ဇင်ထိုက်