မိတ္ထီလာ နိုဝင်ဘာ ၉

မိတ္ထီလာမြို့တွင် ယမန်နေ့နိုဝင်ဘာလ ၈ရက်က အသက် ၁၂ နှစ် အထက် အခြေခံပညာ ကျောင်းသားကျောင်းသူများအား သက်ဆိုင်ရာကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် ၁၂ နှစ် အထက်အခြေခံပညာကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးရာတွင် အထက ၂ တွင် ကျောင်းသား ၄၆ ဦး ၊ကျောင်းသူ ၅၄ ဦး စုစုပေါင်း ၁ဝဝ ဦးအားလည်းကောင်း ၊  အထက ၅ တွင် ကျောင်းသား ၂၂ ဦး ၊ ကျောင်းသူ ၁၅ ဦး စုစုပေါင်း၃၅ ဦးအားလည်းကောင်း ၊ အထက ၁ တွင် ကျောင်းသား ၁၈၃ ဦး ၊ ကျောင်းသူ ၂၁၃ ဦး စုစုပေါင်း ၃၉၆ ဦးအားလည်းကောင်း ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ၁၈ဝ   ၊ ကျောင်းသူ ၁၈၄ ဦး စုစုပေါင်း ၃၆၄ ဦးအား အထက ၁ တွင်လည်းကောင်း  အသီးသီး ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အသက် ၁၂ နှစ်အထက် အခြေခံပညာကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးခြင်းလုပ်ငန်းများတွင်သက်ဆိုင်ရာတာဝန်ရှိသူများ၏ ဦးဆောင်ကြီးကြပ် မှုဖြင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ ( မိတ္ထီလာ)