ရန်ကုန်   နိုဝင်ဘာ   ၉

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်ထားသည့် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး အုပ်စု(A)တွင် အိမ်ရှင် အိန္ဒိယ၊ တရုတ်၊ တရုတ်(တိုင်ပေ)၊ အီရန်၊ အုပ်စု (B) တွင် သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် အင်ဒို နီးရှား၊ အုပ်စု (C) တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။ မြန်မာအမျိုးသမီးအသင်းသည် အာရှဖလားပြိုင်ပွဲတွင် အသင်းကြီးများနှင့် တွေ့ဆုံနေ သဖြင့် ခြေစွမ်းကောင်းမွန်သည့်အသင်းများနှင့် ခြေစမ်းခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် အာရှဖလားအမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ယခုရက်ပိုင်းအတွင်း စတင်လေ့ကျင့်မည်ဖြစ်ပြီး ပဏာမကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအတွက် နှစ်လကျော် အချိန်ယူပြင်ဆင် မည်ဖြစ်ပြီး ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုး သမီးအသင်းသည် ဇန်နဝါရီ ၂၁ ရက်တွင် ဂျပန်အသင်း၊ ဇန်နဝါရီ ၂၄ ရက်တွင် တောင်ကိုရီးယားအသင်း၊ ဇန်နဝါရီ ၂၇ ရက်တွင် ဗီယက်နမ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံး နှစ်သင်း စုစုပေါင်း ရှစ်သင်းမှာ ကွာတား ဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ-AFC