ပခုက္ကူ နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကံလှကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအတွက် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီမှစတင်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးကြသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးထိန်လင်းသိန်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်း ဦးဆောင်၍ ဒုတိယလ.ဝ.ကမှူး ဒေါ်သက်သက်နှင့် ဝန်ထမ်းများက ကံလှကျေးရွာအုပ်စုအတွင်းရှိ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၇ ကတ်တို့အား နေ့ချင်းပြီး အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်၍ အသက်(၁၀)နှစ်မှ (၁၈)နှစ်ထိ နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်သူနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအနေဖြင့် ရုံးသို့ လာရောက်လျှောက်ထား ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးထွန်းက ပြောသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)


