မောက်မယ် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နိုဝင်ဘာ ၉ ရက်က RDT ဖြင့် စစ်ဆေးသူ ၁၃၃ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ လူနာသစ် ၁၉ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ယခုမြို့နယ်တွင် ကုသဆဲလူနာ ၉၆ ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မောက်မယ်မြို့နယ်တွင် ဇူလိုင် ၁၉ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသည့် အတည်ပြုလူနာ ၂၇၆ ဦးအထိရှိလာပြီး ယခုဆေးကုသမှုခံယူနေသူ ၉၆ ဦးရှိကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့်ဆောင်နှင့် မြို့နယ်နမ့်ယွမ်းခန်းမ Positive Centre တွင် မလုံလောက်တော့သဖြင့် နိုဝင်ဘာ ၈ ရက်တွင် မွေတော်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် Positive Centre အဖြစ် ထပ်မံထားရှိရကြောင်းနှင့် နိုဝင်ဘာ ၂ ရက်မှစ၍ မြို့နယ်အတွင်း Local Semi-Lockdown အား နိုဝင်ဘာ ၁၅ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)