စလင်း နိုဝင်ဘာ ၁၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကံမမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ယခုဘဏ္ဍာနှစ်တွင် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်မည့် နတ်မီးကျေးရွာအုပ်စု၊ နတ်မီးတောက် ကျေးရွာမှ ကျေးရွာကော်မတီဝင်များအား ငွေစာရင်းထိန်းသိမ်းနည်းဆိုင်ရာသင်တန်းကို နိုဝင်ဘာ ၉ ရက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသီတာထွေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်ထိုက်ထိုက်ထွန်းက သင်တန်းသို့ တက်ရောက်လာကြသော ကျေးရွာကော်မတီဝင် ၇ ဦးအား စီမံကိန်းဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်းပုံစံများအား စနစ်တကျ သင်ကြားပို့ချခဲ့သည်။

အဆိုပါစီမံကိန်းအား ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ကျေးလက်ဒေသဆင်းရဲမှုနှုန်းကို လျော့ချနိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေမှ ငွေကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မြသီတာထွေးထံမှ သိရသည်။

အထွေး