မိုင်းပျဉ်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီး ဌာနသည် ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစား တွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့ အထများရရှိစေရန်ရည်ရွယ်၍ နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီက ရွေ့လျားစာကြည့်တိုက်ကွင်းဆင်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မြို့နယ်ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းနှင့် ဝန်ထမ်းများက သုတ၊ ရသစာအုပ်ပေါင်း(၂၅၀)ကို သယ်ဆောင်၍ မြို့နယ်စာရင်းစစ်ရုံး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဉီးစီးဌာနရုံး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးများသို့ ရွေ့လျားစာကြည့်တိုက်အဖြစ် ကွင်းဆင်းဆောင်ရွက် ကာ စာအုပ်၊ စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)


