မက္ကဆီကိုစီးတီး နိုဝင်ဘာ ၁၀
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ လျော့နည်း ကျဆင်းလာသဖြင့် လက်တင် အမေရိကနိုင်ငံ တစ်နိုင်ငံဖြစ်သော မက္ကဆီကိုနိုင်ငံ၌ ကျောင်းများ အပြည့်အဝ ပြန်လည်ဖွင့်လှစ်ရန် မက္ကဆီကို သမ္မတ အန်းဒရက်စ် မန်နျူရယ် လိုပက်ဇ် အိုဘရာဒေါက နိုဝင်ဘာ ၈ ရက်က တောင်းဆိုလိုက်သည်။
စက်တင်ဘာလကတည်းက စတင်ခဲ့သည့် ကျောင်းသားများ တဖြည်းဖြည်း ကျောင်းပြန်တက်မှုသည် ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားမှုအတွင်း တိုးတက်ပြောင်းလဲမှု မရှိခဲ့ကြောင်း လိုပက်ဇ် အိုဘရာဒေါက ပြောသည်။ နောက်ထပ်ကျောင်းများ ထပ်မံပြီး ပိတ်ထားတော့မည် မဟုတ်ကြောင်း လိုပက်ဇ် အိုဘရာဒေါက မက္ကဆီကိုစီးတီးရှိ သမ္မတ နန်းတော်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။ ကျောင်းသည် ဒုတိယ အိမ်ဖြစ်ကြောင်း ဖြည့်စွက် ပြောကြားလိုက်သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကုန်မှစကာ ကျောင်းသားများ ကျောင်းတက်မှုကို ရပ်နားခဲ့ရသည်။
ဆင်ဟွာ