မြိတ် နိုဝင်ဘာ ၁၀
တနင်္သာတိုင်းဒေသကြီး၊ မြိတ်မြို့၊ တပ်ပြင်ရပ်ရှိ မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီး ဌာနရုံး အစည်းအဝေးခန်းမတွင် ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်တို့မှ ဝန်ထမ်းများအား လုပ် ငန်း စွမ်းဆောင်ရည် မြင့်မားလာစေရန်နှင့် တစ်ဉီးချင်း အရည်အသွေး တိုးတက်စေရေးအတွက် ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ဖွင့်လှစ်ပို့ချပေးလျှက်ရှိကြောင်း မြိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဉီးအောင်ကျော်ဉီး ပြောပြချက်အရ သိရသည်။
အဆိုပါသင်တန်းသို့ မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလော၊ ကျွန်းစု၊ တနင်္သာရီစသည့် ခရိုင်/မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနများမှဝန်ထမ်းခြောက်ဉီးတို့အားပြင်ပနည်းပြ ဆရာတစ်ဉီး မှ အ ဆောက်အဦဒီဇိုင်းနှင့် ခံနိုင်စွမ်းတွက်ချက်မှုဘာသာရပ်( e-tab & safe) ဖြင့် ၂ ထပ်အ ဆောက်အဉီ(2 story Steel building)၊ ၄ ထပ်RC အဆောက်အဉီ၊(4story RC Building)၊ ၁၁ ထပ် RC အဆောက်အဉီ(11story RC Building) စသည်တို့ကို လက်တွေ့ ရေးဆွဲတွက်ချက်နိုင်သည်အထိ နိုဝင်ဘာလ ၈ ရက်နေ့မှ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြိတ်ခရိုင်တွင် ၂၀၁၇ - ၂၀၁၈ မှ ၂၀၂၀ - ၂၀၂၁ ခုဘဏ္ဍာရေးနှစ်အထိ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်သင် တန်းများကို(၉)ကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ယခု ၂၀၂၁ - ၂၀၂၂ ခုဘဏ္ဍာရေးနှစ်တွင် နှစ်ကြိမ် ဖွင့်လှစ်ရန် လျာထားကြောင်းနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာ ရေးနှစ်တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ် စက်သင်တန်းနှင့် ဆိုင်ကယ်ပြင် သင်တန်းများကို (၈)ကြိမ် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း မြိတ်ခရိုင်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနမှ တာဝန်ရှိသူတစ်ဉီးထံမှ သိရသည်။
မြင့်ဉီး(မြိတ်)


