မိုးညို နိုဝင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ၊ မိုးသစ္စာကျေးရွာအနီးရှိ မြစ်မခမြစ်သဘာဝရေပြင် အတွင်း မြိုနယ်ငါးမျိုးစိုက်ထည့်မှုကြီးကြပ်ကွပ်ကဲရေးကော်မတီ၏ အစီအစဉ်ဖြင့် (၂)လက်မအရွယ် ငါးသားပေါက် များအား ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
မြိုနယ်ငါးမျိုးစိုက်ထည့်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မတီအနေဖြင့် ရေရှည်စဉ်ဆက်မပြတ် ငါးရိက္ခာရရှိရေး၊ သဘာဝရေပြင်များအတွင်း ငါးမျိုးများပြန့်ပွားကာ ငါးအထွက်နှုန်း တိုးတက်စေရေး၊ကျေးလက်နေပြည်သူများ ငါးရိက္ခာဖူလုံမှုရှိစေရေးအတွက် သဘာဝရေပြင်များ အတွင်း ငါးမျိုးစိုက်ထည့်ခြင်းဖြစ်ကြောင်း သိရသည်။
ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့်အဖွဲ့ဝင်များ၊ မြိုနယ်ငါးမျိုးစိုက်ထည့်မှု ကြီးကြပ်ကွပ်ကဲရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲဝင်များ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူးဦးထွန်းထွန်းဦး နှင့်ဝန်ထမ်းများ ဌာနဆိုင်ရာများ စုပေါင်း၍ (၂)လက်မအရွယ် ငါးခုံးမကြီး သားပေါက် ကောင်ရေ(၇၀၀၀၀)၊ ငါးမြစ်ချင်းသားပေါက်ကောင်ရေ (၅၀၀၀၀)နှင့် ရွှေဝါငါးကြင်းသားပေါက် ကောင်ရေ (၃၀၀၀၀) စုစုပေါင်း ကောင်ရေ(၁၅၀၀၀၀)အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ကိုမင်း (မိုးညို)


