ကျွန်းစု နိုဝင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၄)ရက်နေ့အထိ မအိုင်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြုလုပ်ရာတွင် မြို့နယ်လဝက ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အသက်(၁၀)နှစ်ပြည့် နိုင်၃(က) (၁၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင် ၆(က) (၁၅)ဦး၊ လဲလှယ်(၁၀)ဦး၊ မိတ္တူ(၆)ဦး၊ စုစုပေါင်း(၄၃)ဦးနှင့် ရွှေ့ပြောင်း အိမ်ထောင်စု(၆)စုတို့အား “ပန်းခင်းစီမံချက်”ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ပြည်သူများပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)