နတ်တလင်း နိုဝင်ဘာ ၁၀

နတ်တလင်းမြို့နယ်တွင် ယနေ့ နံနက်(၉)နာရီက အသက်(၁၂)နှစ်အထက် အခြေခံပညာ ကျောင်းသား ကျောင်းသူ များအား သက်ဆိုင်ရာကျောင်းများအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများ ဆက်လက်ထိုးနှံပေးခြင်းအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသက် ၁၂ နှစ် အထက်အခြေခံပညာကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များထိုးနှံပေးရာတွင် အထက(မြို့မ) ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ(၁၉၁)ဦး၊အမက(လွန်) ဗဟိုကျောင်းတွင် (၄၈)ဦး၊ အလက (ပွတ်စု)ကျောင်းတွင်(၂၈)ဦး၊ အမက(မကျီးစမ်း)ကျောင်းတွင် (၈၉)ဦး၊အထက(အောင်ဇေယျာ) ကျောင်းတွင်(၁၅၈)ဦး၊အထက (ကရင်ကုန်း)ကျောင်းတွင်(၆၇)ဦး၊ အထက(တာပွန်)ကျောင်းတွင် (၂၆၁)ဦး၊အထက(ကြိုးကြာကန်)ကျောင်းတွင်(၇၇)ဦး၊အထက(ဒမငယ်)ကျောင်းတွင်(၁၃၆)ဦး၊အလက(ပေါက်ကုန်း)ကျောင်း တွင်(၂၃)ဦး စုစုပေါင်း(၁၀၇၈) ဦးတို့အားအသီးသီး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)