မကွေး နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့မှကြီးမှူးဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း အခြေခံနှင့်အဆင့်မြှင့် အေရိုးဗစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မိုးလုံလေလုံ အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး သင်တန်းသူများမှ အဆင့်မြင့် အေရိုးဗစ်(၄၆)ကွက် သရုပ်ပြသခြင်း၊ သင်တန်းသူ(၉)ဦးက Physical Fitness Dance အကဖြင့် သရုပ်ပြသခြင်းနှင့် နည်းပြဆရာမ ဒေါ်မိုးသီတာကို ဦးဆောင်၍ သင်တန်းသားများစုပေါင်းကာ Physical Fitness Dance အက သရုပ်ပြသခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ဥက္ကဌနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုစည်သူ(မကွေး)


