ညောင်ဦး နိုဝင်ဘာ ၁၀
နိုဝင်ဘာ ၂၈ ရက်နေ့တွင် ကျရောက်မည့် ၁၀၁ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို စကားပုံဆက်၊ ခွက်နင်းပြိုင်ပွဲနှင့် ပူးပေါင်းသယ်ပြိုင်ပွဲများ ကျင်းပခြင်းအား မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် နိုဝင်ဘာ ၁၀ ရက်၊ နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
၁၀၁ ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို၊ ကြိုဆိုဂုဏ်ပြုခြင်းအားဖြင့် ညောင်ဦးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကလေးငယ်များဉာဏ်ကွန့်မြူးစေရေးအတွက် ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုမာ ဦးဆောင်ပြီး ကလေးငယ်များအား စကားပုံဆက်ပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲနှင့် ပူးပေါင်း သယ်ပြိုင်ပွဲများ ကျင်းပပေးရခြင်းရည်ရွယ်ချက်နှင့် အမှတ်ပေးစည်းမျဉ်းများအား ကြိုတင်ရှင်းပြပြီး ကလေးငယ်များအား ယှဉ်ပြိုင်စေကြောင်း သိရသည်။
ပါဝင်ယှဉ်ပြိုင်ကြသည့် ကလေးများအား စာအုပ်၊ ခဲတံ၊ ပေတံနှင့် မုန့်များ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး၊ ဆုရရှိသည့်ပြိုင်ပွဲဝင်ကလေးများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိသည်။
မောင်မောင်ထိန်၊ကျောက်ပန်းတောင်း


