ငဖဲ နိုဝင်ဘာ ၁၀

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  နှင့် မြို့နယ် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း (Book Club) အသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသားကျောင်းသူများ ကျောင်းပြင်ပ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်ရန်ရည်ရွယ်၍ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို နယ်လှည့် နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ ဟောပြောပွဲနှင့် ကလေးစာဖတ်ဝိုင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက မင်းလွင်ကျောင်းကုန်း ကျေးရွာအခြေခံပညာ အလယ်တန်းကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

 

ဟောပြောပွဲအပြီးတွင် ကလေးကြိုက်၊ ရုပ်ပြ၊ ပုံပြင်၊ တေဇ၊ ကလေးသုသ စာအုပ်များဖြင့် ကလေး စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ပြသထား သော (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 

မယု(ငဖဲ)