လယ်ဝေး    နိုဝင်ဘာ ၁၀

ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသက်(၄၀)နှစ်မှ (၄၄)နှစ်အထိအသက်ကြီးသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါရှိသူများနှင့် ဦးတည်အုပ်စု များအလိုက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ် အဖြစ် ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့ အားကစားလေ့ကျင့်ရေးစခန်းအမှတ်(၂)တွင် စတင် ထိုးနှံပေးလျှက်ရှိသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်မှဆေးအဖွဲ့များက လယ်ဝေးမြို့နယ်အတွင်းရှိ မသန်စွမ်းသူများ၊ အသက်(၄၀)နှစ်မှ (၄၄)နှစ်အထိအသက်ကြီးသူများ၊ နာတာရှည်ရောဂါရှိသူ များနှင့် ဦးတည်အုပ်စုများအလိုက် ပြည်သူများအား  ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sino pharm)ကို နိုဝင်ဘာ(၁၀)ရက်နေ့မှစတင်၍ တစ်နေ့လျှင် လူဦးရေ(၁၀၀)ထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။ 

နေဇော်ချစ်(ပြန်/ဆက်)