နိုဝင်ဘာ ၁၀

 

မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၅၄၀၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၂၅၁၇၁၇၃ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။

 

ထပ်မံရောဂါကူးစက်ခံရသူများအနက် ၂၅ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၅၃၇၈ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ၇၈ ဦး ထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၉၄၂၇ ဦးအထိ ရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူပေါင်း ၂၄၂၅၉၄၃ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် လက်ရှိကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသူဦးရေ ၆၁၈၀၃ ဦးရှိပြီး  အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၄၂ ဦး ရှိသည်။

 

ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ၁၁၆၆၄၂ ဦး ရှိကာ ၇၈ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေးတစ်ကြိမ်ထက်မနည်းထိုးနှံပြီးသူများ ဖြစ်ပြီး ၇၅ ဒသမ ၅ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူများဖြစ်သည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို