တံတားဦး ၊ နိုဝင်ဘာဘာ  ၁၀

 

ကေျာက်ဆည်ခရိုင် တံတားဦးမြို့နယ် မြိုင်သာကျေးရွာအုပ်စု၊ မြိုင်သာကျေးရွာ၌ ဝါသီးနှံ အထူးဇုံဧက (၁၀၀) ကွင်းသရုပ်ပြ ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀) နာရီက မြိုင်သာကျေးရွာ ရွာမကွင်း တောင်သူဦးသန်းရှိန်၏ ဝါစိုက်ဧက (၂) ဧကတွင် ကျင်းပကြောင်းသိရသည် ။

 

အဆိုပါကွင်းသရုပ်ပြ ဆောင်ရွက်ရာတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်တို့က အမှာစကား အသီးသီးပြောကြားပြီး တံတားဦးမြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က ဝါစိုက်ပျိုးရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး ဝါသီးနှံအထူးဇုံဧက (၁၀၀) ကွင်းသရုပ်ပြ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုအားပေးကြသည်။

 

ဝါသီးနှံအထူးဇုံဧက (၁၀၀) ကွင်းသရုပ်ပြဆောင်ရွက်ရာသို့ တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ တံတားဦးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စက်မှုလယ်ယာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြိုင်သာကျေးရွာ ဝါစိုက်တောင်သူများ တက်ရောက်ကြကြောင်းသိရှိရသည်။

 

ရဲတင့်(တံတားဦး)