နောင်မွန်း    နိုဝင်ဘာ   ၁၀


ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်း အထူးစီမံချက်ဖြင့် ပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်းကို နိုဝင်ဘာ ၁၀ ရက် နံနက် ၉ နာရီတွင် မြို့တွင်း လူအသွားအလာ များသောနေရာများ၌ ဆောင်ရွက်ပေးလျက်ရှိသည်။

 

mdn

 

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာတွင် လူအသွားအလာများသည့် မြို့မဈေးလမ်းဆုံ၊ မြို့အထွက် ဘုရင့်နောင် တံတားအနီး၊ မြို့အဝင်ဂိတ်နှင့် မြို့တွင်းလမ်းဆုံ လမ်းခွနေရာများတွင် ပြည်သူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ RDT Test Kit ဖြင့် စစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask များ ဝေငှခြင်းနှင့် ကျန်းမာရေးအသိပညာ ပေးခြင်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ အနီးကပ်ကြပ်မတ်မှုဖြင့် နိုဝင်ဘာ ၇ ရက်မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်)