ဆိုးလ် နိုဝင်ဘာ ၁၁

 

တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သော တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၄၂၅ ဦး ထပ်မံတွေ့ရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၃၈၅၈၃၁ ဦးရှိလာကြောင်း သိရသည်။

 

ဆိုးလ်မြို့ပြဒေသ၌ မကြာသေးမီက လူအစုလိုက်အပြုံလိုက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုများ တွေ့ရှိခဲ့ပြီးနောက် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လာခဲ့သည်။ လက်ရှိအချိန်တွင် ဆိုးလ်ဒေသ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၆၇ ဦး၊ ဂျောင်ဂီပြည်နယ်၌ ၈၆၃ ဦးနှင့် အင်ချွန်းဆိပ်ကမ်း မြို့၌ ၁၅၉ ဦး တွေ့ရှိခဲ့သည်။ ထို့ပြင် နိုင်ငံအတွင်းရှိ ကျေးလက်ဒေသများတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မြင့်တက်ခဲ့ပြီး ပြည်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ၏ ၁၇ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

 

နိုင်ငံအတွင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ ၁၅၃၀၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း တွေ့ရှိခဲ့သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၃၀၁၂ ဦးရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းအား ဖေဖော်ဝါရီ ၂၆ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသူ ၃၉၆၂၆၀၃၄ ဦးရှိကြောင်း သိရသည်။ ။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-စိုးသူရ