ကျောက်ပန်းတောင်း၊ နိုဝင်ဘာ ၁၁ 

 

မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆လ)ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းကျေးရွာ(၄)ရွာမှ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များအား စီမံကိန်းအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အထောက်အကူပြုစေရန် ရည်ရွယ်၍ (VDP)စီမံကိန်းရေးဆွဲနည်းသင်တန်းကို နိုဝင်ဘာ ၈ ရက်က အဆိုပါကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။     

 

အဆိုပါသင်တန်းတွင် ကျေးရွာသယံဇာတပြမြေပုံနှင့် ရာသီခွင်ပြ ပြက္ခဒိန်မြေပုံရေးဆွဲနည်း၊ ကျေးရွာ၏ ကျေးရွာတွင်း/ပြင် အဖွဲ့အစည်းများ ချိတ်ဆက်မှုပြ မြေပုံရေးဆွဲနည်းများ၊ ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ပတ်သက်သော ငွေစာရင်းဇယားဖြည့်သွင်းနည်းများ၊ ဦးတည်အုပ်စုဖွဲ့၍ စီမံကိန်း လုပ်ငန်းရွေးချယ်နည်းများကို (၅)ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။

 

ကိုပြည့်(ကျေးလက်)