ရှမ်းရွာသစ် နိုဝင်ဘာ ၁၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသားကျောင်းသူများနှင့် ကလေးငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန်ရည်ရွယ်၍ မူလတန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီက ရှမ်းရွာသစ်မြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသားကျောင်းသူ (၉)ဦး ပါဝင်ယှဉ်ပြိုင့်ခဲ့ကြပြီး စာဖတ်ရှိန် မြှင့်တင်ရေးပြိုင်ပွဲများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်အေးအေးနွဲ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူ့စာကြည့်တိုက်ကို ခေတ္တပိတ်ထားခဲ့ရပြီး ယခုအချိန်တွင် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှုန်း လျော့ကျလာသည့်အတွက် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသားလူငယ်ကလေးငယ်များ အသိပညာဗဟုသုတရရှိရန်၊ စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ရှိစေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်ရန်အတွက် ပြိုင်ပွဲကိုပြုလုပ်ပေးရခြင်းဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ရှမ်းရွာသစ်(ပြန်/ဆက်)


