အမာ နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် အသက်(၄၀)နှစ်အထက် ပြည်သူများအား ပထမအကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နေ့နံနက်(၉)နာရီအချိန်က အမာမြို့ မြို့မ(၁)ရပ်ကွက်ရှိ တိလောက အောင်တော်မူသာသနာ့ဗိမာန်တော်ကြီးတွင် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းကို ကာကွယ်ဆေးမထိုးရသေးသော ပြည်သူ (၂၀၀) ခန့်အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အမာ (ပြန်/ဆက်)


