နိုဝင်ဘာ ၁၁
မလေးရှားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၂၄၃ ဦးထပ်မံတွေ့ရှိခဲ့သဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၂၅၂၂၄၉၈ ဦးအထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနပြောကြားချက်အရ သိရသည်။
ထပ်မံရောဂါကူးစက်ခံရသူများအနက် ၂၄ ဦးသည် ပြည်ပကူးစက်မှုဖြစ်ပြီး ၆၂၁၉ ဦးသည် ပြည်တွင်းကူးစက်မှုဖြစ်ကြောင်း ထိုဝန်ကြီးဌာန၏ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ၅၉ ဦးထပ်မံသေဆုံးခဲ့ရာ သေဆုံးသူပေါင်း ၂၉၄၈၆ ဦးအထိ ရှိသည်။
ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှဆင်းခွင့်ရရှိသူပေါင်း ၂၄၃၀၁၂၂ ဦး ရှိသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားဆဲလူနာ ၆၂၈၉၀ ရှိပြီး အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူနေသူ ၅၄၄ ဦး ရှိသည်။
မလေးရှားနိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူပေါင်း ၁၃၁၂၄၀ ဦး ရှိကာ နိုင်ငံလူဦးရေ၏ ၇၈ ဒသမ ၃ ရာခိုင်နှုန်းခန့်သည် ကာကွယ်ဆေးတစ်ကြိမ်ထက်မနည်း ထိုးနှံပြီးသူများ ဖြစ်ပြီး ၇၅ ဒသမ ၆ ရာခိုင်နှုန်းသည် ကာကွယ်ဆေးအပြည့်အဝထိုးနှံပြီးသူများဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို