ပုဂံ နိုဝင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ် ပုဂံမြို့သစ်တွင် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ နေ့စဉ် သွားလာအသုံးပြုလျက်ရှိသော ကားလမ်း(မိန်းလမ်းမကြီး)ပေါ်တွင် မိုးရွာသွန်းမှုကြောင့် တင်ကျန်ရစ်နေသော နုန်းသဲများကို ယမန်နေ့က ပုဂံမြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပုဂံဒေသဖွံ့ဖြိုးရေး ပရဟိတအသင်းတို့ ပူးပေါင်းပြီး အများပြည်သူ ယာဉ်အန္တရာယ်ကင်းစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြသည်။
ညောင်ဦးမြို့နယ် ပုဂံမြို့တွင် နိုဝင်ဘာလဆန်းပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ နေ့စဉ်သွားလာအသုံးပြုသည့် ကားလမ်း(မိန်းလမ်းမကြီး)ပေါ်တွင် မိုးရေနှင့်အတူ စီးမျောပါလာသော သဲနုန်းများ တင်ကျန်နေမှုများ ဖြစ်ပွားခဲ့သဖြင့် မော်တော်ဆိုင်ကယ် စီးနင်းသွားလာသူများနှင့် ခရီးသွားမော်တော်ယာဉ်များ ပုဂံမြို့နှင့် ညောင်ဦးမြို့သို့ ကူးလူးဖြတ်သန်း သွားလာရာတွင် ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် ယမန်နေ့က ပုဂံမြို့ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပုဂံဒေသဖွံ့ဖြိုးရေးပရဟိတအသင်းတို့ ပူးပေါင်းအဖွဲ့က စနစ်တကျ စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း ပုဂံမြို့ အရန်မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ရဲဝင်းနိုင် ( ညောင်ဦး )


