နိုဝင်ဘာ ၁၁
ဘရာဇီးနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူ ၂၈၀ ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူပေါင်း ၆၁၀၀၃၆ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
နိုင်ငံတစ်ဝန်းတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၂၂၇၃ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်ခံရသူပေါင်း ၂၁၉၀၉၂၉၈ ဦး ရှိလာသည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ရောဂါကူးစက်ခံရသူ ၁၀၅၀၂ ဦး ရှိပြီး သေဆုံးသူ ၂၅၇ ဦး ရှိသည်။
ဆောပိုလိုပြည်နယ်သည် လူဦးရေအထူထပ်ဆုံးနှင့် ရောဂါကူးစက်မှုအများဆုံးဒေသဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၄၄၁၅၇၄၅ ဦးရှိပြီး သေဆုံးသူ ၁၅၂၅၃၈ ဦး ရှိသည်။
ဘရာဇီးနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမှုခံယူပြီးသူ ၁၅၆ ဒသမ ၃ သန်း (နိုင်ငံလူဦးရေ၏ ၇၃ ဒသမ ၂၈ ရာခိုင်နှုန်း)နှင့် ကာကွယ်ဆေးအပြည့်အဝ ထိုးနှံပြီးသူ ၁၂၁ ဒသမ ၇ သန်း(၅၇ ဒသမ ၀၈ ရာခိုင်နှုန်း)ရှိကြောင်း ဒေသခံမီဒီယာကဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို