စေတုတ္တရာ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနသည် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသခံ ငါးမွေးတောင်သူများ အခြေခံငါးမွေးမြူရေး နည်းပညာများ သိရှိလာစေရန်နှင့် ငါးသယံဇာတများ ရေရှည် စဉ်ဆက်ပြတ် ထုတ်လုပ်နိုင်ရန်အတွက် တိုင်းဒေသကြီးဦးစီးဌာနမှူး၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စေတုတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ နိုင်ဝင်ဘာလ ၁၀ ရက်တွင် မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ သံဆည် ကျေးရွာအုပ်စု၊ ကြီးအုံကျေးရွာ၌ အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်ခြင်း သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မင်းဘူးခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ခံ ဦးသိန်းကိုကိုထွန်းနှင့် စေတုတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်ဇော်တို့က ငါးမွေးမြူရေးလုပ်ငန်းများနှင့် ပက်သက်သည်များကို သင်တန်းပို့ချ ဆောင်ရွက်ခဲ့ပြီး သင်တန်းသား စုစုပေါင်း (၃၀) တက်ရောက်ခဲ့သည်။
ဇော်ဇော်အောင်(ပြန်/ဆက်)


