ကန်ကြီးထောင့် နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ ၃ ရက်မှ စတင်ထုတ်ချေးလျှက်ရှိရာ ယနေ့အထိ ရပ်ကွက်နှင့် ကျေးရွာ ၂ အုပ်စုမှ တောင်သူ၂၈ဦး၏ လယ်ဧက ၂၄၆ ဧကအတွက် ချေးငွေ ၃၆၉ သိန်းအား ထုတ်ချေး ထားပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၀ ခုနှစ် မိုးရာသီနှင့် ဆောင်းရာသီချေးငွေ၊ ကိုဗစ်-၁၉ အထူးချေးငွေနှင့် အချိန်စေ့ရောက်သည့် နှစ်စဉ်ချေးငွေ၊ နှစ်ရှည်ချေးများ၏ အရစ်ကျငွေရင်းနှင့် အတိုးများပြေကျေပြီးသည့် တောင်သူများအား ဦးစားပေးထုတ်ချေးလျက်ရှိကြောင်း သိရပြီး ချေးငွေနှုန်းထားမှာ နွေစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ ဖြစ်ကာ ထုတ်ချေးသွားမည့် ကာလ မှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)