ပုဏ္ဏားကျွန်း၊ နိုဝင်ဘာ ၁၁

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပြိုင်တောင်ကျေးရွာအုပ်စု၊ ကျောက်သံခြေကျေးရွာအနီး ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းမပေါ်ရှိ ဝါးခုတ်ချောင်းတံတား အလျား (၁၂၀)ပေ၊ အကျယ်(၁၈)ပေ၊ သစ်သားဘေလီတံတား အမျိုးအစားမှာ ယနေ့ နံနက် ၅ နာရီခွဲခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကုန်တင်ကားကြီးတစ်စီးမှ တွေ့ရှိသဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ၆ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

 

အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဝါးခုတ်ချောင်းတံတားအလယ်၌ အကျယ် ၃ ပေခန့် ပျက်စီးသွားပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း၊ ဆိုင်ကယ်များနှင့် ဘေးတွဲယာဉ်များသာ ဖြတ်သန်းသွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရေးအတွက် ပုဏ္ဏားကျွန်းမြို့နယ် လမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးသန်းဌေး ဦးဆောင်သော အဖွဲ့များက တံတားပြုပြင်ပေးလျက်ရှိကာ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

 

မြို့နယ်(ပြန်/ဆက်)