လှိုင်းဘွဲ နိုဝင်ဘာ ၁၁

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျရောက်လာပါက အထောက်အကူပြုနိုင်စေရန်အတွက် ရည်ရွယ်၍ Mercy Copes Myanmar အဖွဲ့မှ ဖိုင်ဘာလှေနှင့်အခြားဆက်စပ်ပစ္စည်းများ လှူဒါန်းခဲ့ပြီး အဆိုပါပစ္စည်းများကို  ယနေ့နံနက်ပိုင်းက မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့်တာဝန်ရှိသူများက ပူးပေါင်း၍ ကျေးရွာများအရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဝင်းဖရ၊ မြလေး၊ ထန်းတော၊ ကော့မြတ်ကြီး၊ ကော့မြတ်လေး၊ ကဇိုင်း၊ ဒေါ်လန်း၊ ကော့ဖမုတ် ကျေးရွာ(၈)ရွာတွင် မိုးရာသီအချိန်များအတွင်း ရေးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက အထောက်အကူပြုနိုင်စေရန်အတွက်  ကျေးရွာတစ်ရွာလျှင် အလျား၁၂ ပေ ၃ လက်မ၊ အနံ ၄ ပေ ၂ လက်မအရွယ်ရှိ ဖိုင်ဘာလှေ တစ်စင်း၊ ကလေးအသက်ကယ်အင်္ကျီ(၅)ထည်၊ လူကြီး(၁၀)ထည်၊ ဖိုင်ဘာဦးထုပ်(၁၅)လုံး၊ အိုကေစက် တစ်လုံး၊ ဆိုလာ တစ်စုံ၊ ဓာတ်မီး(၄)လုံး၊ ရေသန့်စက်(၁)ခု၊ လှော်တက်(၄)ခု၊ Acid (၁)ဘူး၊ ထမ်းစင်(၁)ခု၊ ဘောကွင်း(၄)ကွင်းတို့ကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြီးကြပ်၍ ကျေးရွာများ အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

 စောဒိ(ပြန်/ဆက်)