ကြာအင်းဆိပ်ကြီး နိုဝင်ဘာ ၁၂
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ပူးပေါင်းဆောင်ရွက်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းကြည်က Talk Show ဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ပေးနေမှု ရည်ရွယ်ချက်နှင့် ဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက ပြည်သူများအနေဖြင့် သိသင့်သိထိုက်သော မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးသင်း က ေမေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး


