မိုင်းဆတ် နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို မြန်မာစာသတ်ပုံမှန် ရွေးချယ်ခြင်းနှင့် ပူပေါင်းညှပ်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အားကြိုဆိုဂုဏ်ပြုသည့် အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်ကို အကျိုးရှိရှိအသုံးချတတ်စေရန်၊ အဖွဲ့အစည်းအတွင်း ပူးပေါင်းပါဝင်တတ်သည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍  မြန်မာစာသတ်ပုံမှန် ရွေးချယ်ခြင်းနှင့် ပူပေါင်းညှပ်ပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများမှ လာရောက်ယှဉ်ပြိုင် ကစားခဲ့ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်းများပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

မြင့်မောင်(မိုင်းဆတ်)