မော်လမြိုင်ကျွန်း၊ နိုဝင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ဆောင်းရာသီအားကစားလှုပ်ရှားမှုအဖြစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ဘောလုံးဆပ်ကော်မတီတို့ပူးပေါင်းဖွင့်လှစ်သော ဆောင်းရာသီ အခြေခံဘောလုံးအားကစားသင်တန်းကို နိုဝင်ဘာလ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖွင့်လှစ် သင်ကြားလျှက်ရှိကြောင်းသိရသည်။

အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိ အသက် (၁၇) နှစ်အောက် လူငယ် (၄၅)ဦးတက်ရောက်ပြီး မြို့နယ်ဘောလုံးဆပ်ကော်မတီမှ နည်းပြ () ဦးက လေ့ကျင့်သင်ကြားပေးလျှက်ရှိကာ သင်တန်းကာလအဖြစ် () ပတ်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်ထံမှ သိရသည်။

အောင်အောင်(ပြန်/ဆက်)