မိတ္ထီလာ နိုဝင်ဘာ ၁၂

မိတ္ထီလာတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို နိုဝင်ဘာလ ၁၂ ရက်နေ့  နံနက် ၉ နာရီ၌ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမတွင်ကျင်းပဆောင်ရွက်ကြောင်း သိရသည်။ 

အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်သည်။ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မာထူးက ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေမှုအခြေအနေများ ၊ မသန်စွမ်းကလေးငယ်များ နှင့်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေသော ကလေးများ၏ ဘဝဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်နေမှု အခြေအနေမျာ၊  ကလေးသူငယ်များ ဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ပေးသည့် ရည်ရွယ်ချက်များနှင့် မူဝါဒများအကြောင်းကို ဆွေးနွေးပြောကြားသည်။   ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်း က ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးစေရေး ဆောင်ရွက် ပေးနေမှု အခြေအနေများ ကို ဆွေးနွေးပြောကြားသည်။

အဆိုပါ အသိပညာပေး Talk Show အစီအစဉ်နှင့် အလားတူ အသိပညာပေးTalk Show အစီအစဉ် များကိုရိုက်ကူး၍ မိတ္ထီလာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏  Facebook Page တစ်ခု ဖြစ်သော We Love Meikhtila တွင်  ဒေသခံပြည်သူများအသိပညာရရှိစေရန် တင်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ချမ်းသာ ( မိတ္ထီလာ)