တာချီလိတ် နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိရာ နိုဝင်ဘာ ၁၁ ရက်တွင် ဒေသခံပြည်သူ ၅၇၅ ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(SINOVAC)ထိုးနှံပေးခြင်းကို ကျန်းမာရေးဌာနမှဝန်ထမ်းများက ရန်အောင်မြေရပ်ကွက်(ပါလျှံ) တရုတ်ဘုံကျောင်းဆေးထိုးစုရပ်တွင် ဒုတိယအသုတ်၊ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူ ၅၇၅ ဦးလာရောက်ထိုးနှံခဲ့ပြီး ဒေသခံပြည်သူများ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း အဆင်ပြေစေရန် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဌာနမှတာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့တို့က ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်