နောင်ချို နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းထွေးက Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နောင်ချိုမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မြင့်ဦးက ပန်းခင်းစီမံချက် ကာလ၊ ပြည်သူလူထုကို ဝန်ဆောင်မှုပေးမည့်လုပ်ငန်း (၄) ရပ်၊ အိမ်ထောင်စုစာရင်း ဆောင်ရွက်ပေးမှုများ၊ ပန်းခင်းစီမံချက်သည် ပြည်သူလူထုအတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနေသော နိုင်ငံတော်၏ စီမံချက်ဖြစ်ကြောင်း၊ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပြည်သူလူထုအကျိုးအတွက် ပန်းခင်းစီမံချက်လုပ်ငန်းများကို ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်မှု စသည်တို့ကို အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်အား We Love Naunghkio Facebook Page မှတစ်ဆင့် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွေးငယ်(ပြန်/ဆက်)


