ငဖဲ နိုဝင်ဘာ ၁၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါး မျိုး ()မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်အနက် ရက် ၉၀ နှင့် ရက်၁၀၀ စပါးမျိုးများ စံကွက်ရိတ်သိမ်းခြင်းကို နိုဝင်ဘာ ၁၂ ရက် နံနက် နာရီက ဇီးတောကျေးရွာမှ တောင်သူ ဦးအုန်းရွှေ၏ ကွင်းအမှတ်(၁၀၂၈) ဦးပိုင်အမှတ် (၁၈၇) စိုက်ဧက တစ်ဧက  မိုးစပါးစိုက်ကွင်း၌ ရိတ်သိမ်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးမြင့်သိန်း က  မိုးစပါးမျိုး()မျိုး ယှဉ်ပြိုင် စမ်းသပ်ကွက်အနက် ရက် ၉၀ နှင့် ရက်၁၀၀ စပါးမျိုးများ ရိတ်သိမ်းရာတွင်  ပြောင်းလဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့်ကိုက်ညီသော စပါးမျိုးကို ရွေးချယ်စိုက်ပျိုးနိုင်မှသာ ဒေသခံတောင်သူ များတွက်ချေကိုက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး တောင်သူ ဦးအုန်းရွှေ မိုးစပါးစိုက်ခင်း ရက်၉၀ နှင့် ရက် ၁၀၀ စပါးမျိုးများကို စံကွက်ရိတ်သိမ်းရာ ရက် ၉၀ တစ်ဧကအထွက်နှုန်း အစိုထွက် (၉၇.၇၀)တင်း၊ အခြောက်ထွက် တင်း(၉၀) ရက် ၁၀၀ စပါး တစ်ဧကအထွက်နှုန်း အစိုထွက် (၉၃.၇၅)တင်း၊ အခြောက်ထွက် (၈၇)တင်း  ထွက်ရှိခဲ့ကြောင်း နှင့် ကျန်ရှိ သော ချမ်းမြေ့မေ နှင့် ရတနာတိုးစပါးမျိုးများကို သတ်မှတ်ရက်အတွင်း အချိန်မီဆက်လက်ရိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် မိုးစပါးစိုက်ဧက (၈၃၁၁)ဧကရှိရာ မနောသုခ၊ ဆင်းသုခ၊ ရတနာတိုး၊ ဧရာမင်း၊ ကောက်ညှင်းနှင့် တောင်ယာစပါးမျိုးများကို အများဆုံးစိုက်ပျိုးကြပြီး ယခုနှစ်တွင် ရက်၉၀၊ ရက် ၁၀၀ နှင့် ချမ်းမြေ့မေ စပါးမျိုးများကို တောင်သူ ဦးအုန်းရွှေက စမ်းသပ်စိုက်ပျိူးခဲ့ကြောင်း သိရသည်။

မယု (ငဖဲ)