သုံးခွ နို၀င်ဘာ ၁၂

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မြို့နယ်စာကြည့်တိုက်အား ခေတ္တပိတ်ထားခဲ့ရာ ယခုအခါစာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ပြီဖြစ်သဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက စာဖတ်ဝါသနာပါသူများအား စာပေနှင့်စဉ်ဆက်မပြတ် ထိတွေ့စေရေးအတွက် မိုဘိုင်းစာငှားစနစ်ဖြင့် နိုဝင်ဘာ ၁၁ ရက်က သမဝါယမ အသင်းစုရုံးသို့ Mobile library ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းမှာ မြို့နယ်ရုံးစာကြည့်တိုက်သို့ လာရောက်၍ စာငှား စာဖတ် မပြုလုပ်နိုင်သော ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗဟုသုတဖြစ်ဖွယ် သုတ၊ ရသစာပေများကို ယူဆောင်ငှားရမ်းပေးခြင်းအပြင် စာဖတ်သူများဖတ်ရှုလိုသည့် စာအုပ်များကိုလည်း အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သမဝါယမအသင်းစုရုံးသို့ Mobile စနစ်ဖြင့် သွားရောက် ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)