မော်လမြိုင် နိုဝင်ဘာ ၁၃

မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းလမ်းညွှန်ချက် ထပ်ဆင့်ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့ရာ မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ လူမှုရေးဝန်ကြီး ဦးတင်ချယ်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးသန်းဇော်ဦး၊ မော်လမြိုင်ခရိုင်နှင့်  သထုံခရိုင်တို့မှ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက အမှာစကား ပြောကြားပြီး ဒုတိယပြည်နယ်ဦးစီးမှူး ဦးသန်းဇော်ဦးက မွန်ပြည်နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်မှုများကို တင်ပြရာ လူမှုရေးဝန်ကြီး ဦးတင်ချယ်က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းသည်၊။ ထို့နောက် တက်ရောက်ကြသည့် ခရိုင်နှင့် မြို့နယ်ဦးစီများမှူးက လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ တင်ပြမှုများအပေါ် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)