စစ်ကိုင်း   နိုဝင်ဘာ   ၁၃ 

စစ်ကိုင်းတောင်ရိုးရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် သံဃာတော်၊ သီလရှင်များအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက မဟာသုဗောဓာရုံကျောင်းတိုက်ရှိ မဟာသမယဓမ္မာရုံကြီးအတွင်း၌ ထိုးနှံပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် စစ်ကိုင်းတောင်ရိုး သမိဒ္ဓေါဒယကျောင်းတိုက်တွင် စုရပ်အဖြစ်သက်မှတ်၍ စစ်ကိုင်းတောင်ရိုးရှိ ပထမအကြိမ် ဆေးထိုးရန်ကျန်ရှိနေသည့် ဆရာတော်၊ သီလရှင်များအား ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြပြီး စစ်ကိုင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများကိုလည်း အသက်ကန့်သတ်ချက်များ ဖြေလျှော့ကာ ဦးစားပေးအုပ်စုများ သတ်မှတ်၍ စဉ်ဆက်မပြတ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)