မြစ်ကြီနား နို၀င်ဘာ ၁၃
ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ မြောက်ပိုင်းတိုင်းစစ်ဌာချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်၊ ရဲမေများ၊ မီးသတ်တပ်ဖွဲ့၀င်များက နို၀င်ဘာ ၁၃ ရက် နံနက်ပိုင်းက မြစ်ကြီးနား တက္ကသိုလ်၀င်းအတွင်း သန့်ရှင်း သာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများက ပူးပေါင်းပါဝင်ခဲ့ပြီး မြစ်ကြီးနားတက္ကသိုလ် ပရ၀ဏ်အတွင်း လမ်းဘေးဝဲ/ယာ တစ်လျှောက် ချုံ၊ နွယ်၊ သစ်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ရိတ်ခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြသည်။
ပြည်နယ်(ပြန်/ဆက်)


