နယူးယောက် နိုဝင်ဘာ ၁၄

အမေရိကန် ဆေးဝါးကုမ္ပဏီကြီး ဖြစ်သည့် Johnson & Johnson သည် စီမံခန့်ခွဲမှုများကို ချောမွေ့ စေရန်အတွက် ကုမ္ပဏီနှစ်ခုအဖြစ်သို့ ပြောင်းလဲရန် အစီအစဉ် ရှိကြောင်း ကြေညာခဲ့သည်။

ကုမ္ပဏီတစ်ခုမှာ ဝယ်ယူသူများအတွက် ဝန်ဆောင်မှုကို လုပ်ဆောင်ပေးမည်ဖြစ်ပြီး နောက်တစ်ခုမှာ ဆေးအညွှန်း များနှင့် ဆေးပညာပိုင်းဆိုင်ရာ အကြံဉာဏ်များကို လုပ်ဆောင်သွားမည်ဖြစ်သည်။

ဆေးအညွှန်းများနှင့် ဆေးပစ္စည်းများကို Johnson & Johnson အမည်အောက်တွင် ဆက်လက်ထားရှိ သွားမည်ဖြစ်သည်။ ယခုလိုပြုလုပ်ရခြင်းမှာ ကုမ္ပဏီအတွက် ကောင်းမွန်သည့် လုပ်ဆောင်မှု ဖြစ်ကြောင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများအတွက် ကျန်းမာရေးဆိုင်ရာရလဒ်များ တိုးတက်ကောင်းမွန်လာစေရေး အတွက်လည်း အကောင်းဆုံးနည်းလမ်းဖြစ်သည်ဟု ကုမ္ပဏီစီအီးအို အဲလက်စ်ဂေါစကီက ပြောသည်။

အဓိက စီးပွားရေးလုပ်ငန်းကြီးများသည် ကုမ္ပဏီကို ခွဲခြမ်းမှုများ ပြုလုပ်လာကြသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက လည်း ဂျန်နရယ် လျှပ်စစ်ကုမ္ပဏီ သည် ၎င်းတို့၏ လုပ်ငန်းစုကြီးကို အများပြည်သူများ ရောင်းဝယ်ဖောက်ကားသည့် ကုမ္ပဏီခွဲ သုံးခုအဖြစ်သို့ ခွဲထုတ်သွားမည်ဟု ကြေညာခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်ကလည်း ဂျပန်အခြေစိုက် တိုရှီဘာကုမ္ပဏီသည် ၎င်းတို့၏လုပ်ငန်းကို သီးခြားစီးပွားရေးလုပ်ငန်း သုံးခုအဖြစ်သို့ ခွဲထုတ်သွားမည်ဟု ကြေညာခဲ့သည်။

အင်န်အိတ်ချ်ကေ