ရွှေသောင်ယံ နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့ အမှတ်(၃) ရပ်ကွက်ကျောက်မောင်နှမကမ်းခြေ၌ ယနေ့(စနေနေ့) ရုံးပိတ်ရက် တွင် လာရောက်အပန်းဖြေသူများနှင့် စည်ကားလျက်ရှိသည်။

ကျောက်မောင်နှမကမ်းခြေတွင် အထင်ကရဘုရား၊ စေတီ ပုထိုးများ၊ မောင်နှမသဖွယ် ကျောက်ဆောင်များရှိသည့်အပြင် သဘာဝကျောက်ဆောင်များပေါ်တွင် အလှဓာတ်ပုံရိုက်သူများ၊ ကမ်းခြေတွင် အပန်းဖြေရင်း ရေကူးကြသူများစသည်ဖြင့် ရုံးပိတ်ရက်များအတွင်း စည်ကားလျက်ရှိသည်။

ထို့ပြင် ရွှေသောင်ယံမြို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကမ်းခြေစည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ဧည့်သည်များ စိတ်အေးချမ်းသာစွာ အပန်းဖြေနိုင်ရန်အတွက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် ကမ်းခြေသန့်ရှင်းသာယာ လှပရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

ကိုကိုမောင်၊ ရွှေသောင်ယံ(ပြန်/ဆက်)