နေပြည်တော် နိုဝင်ဘာ ၁၄
အကောက်ခွန်ဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီတစ်ခုမှ Koronavac Suspension Injection ၅၀၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Omac Capsule ၄၀၂၆၈ ခု၊ Urisan Tablet ၁၀၁၅၂ ခု၊ Vastacine Tablet ၂၀၀၂ ခု စုစုပေါင်း ၅၇၃၆ ဒသမ ၄၃ ကီလိုဂရမ်၊ နယ်စပ် (မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး) တွင် ကုမ္ပဏီလေးခုမှ နှာခေါင်းစည်း ၁၇၈၈၅ ကီလိုဂရမ်၊ အောက်ဆီဂျင်ထုတ်သည့်စက် ခြောက်ခု၊ အောက်ဆီဂျင်အရည် ၁၅၃၆၂ ကုဗမီတာ တို့အားထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


