မောက်မယ် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ နိုဝင်ဘာ ၁၃ ရက်က RDT ဖြင့် စစ်ဆေးသူ ၂၂၅ ဦးတွင် ရောဂါပိုးတွေ့ရှိသူ လူနာသစ် ၂၂ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ ၁၀ ဦး လက်ကျန်လူနာ ၁၅၃ ဦး ကျန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မောက်မယ်မြို့နယ်တွင် ဇူလိုင် ၁၉ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသည့် အတည်ပြုလူနာ ၃၈၂ ဦးအနက် သေဆုံးသူ ၄ ဦးရှိ၍ ကျန်းမာရေးကောင်းမွန်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၅ ဦးရှိကာ ၁၅၃ ဦးသည် ဆေးကုသခံယူနေကြောင်း ကျန်းမာရေးဦးစီးဌာန၏ သတင်းများအရ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ် ပြန်/ဆက်)


