နိုဝင်ဘာ ၁၄
အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲအကြိုပြင်ဆင်မှုအဖြစ် တူရကီနိုင်ငံ၌ လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် နိုဝင်ဘာ ၁၃ ရက် ညပိုင်းက အာဖရိကအသင်းဖြစ်သော ဘူရွန်ဒီလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် ပွဲချိန်မိနစ် ၇၀ ကျော်အထိ တစ်ဂိုးအသာဖြင့် ဦးဆောင်နေသော်လည်း ၇၅ မိနစ်နောက်ပိုင်း နှစ်ဂိုးပြန်ပေးရကာ အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂိုး- မျိုးမင်းလတ်၊ နောက်တန်း- ဒေးဗစ်ထန်၊ ဇော်ရဲထွန်း၊ ငြိမ်းချမ်း၊ ဝင်းမိုးကျော်၊ အလယ်တန်း- မောင်မောင်ဝင်း၊ ရန်နိုင်ဉီး၊ မောင်မောင်လွင်၊ ဆမ်လန်မန်၊ လှိုင်းဘိုဘို၊ ရှေ့တန်း- သန်းပိုင်တို့ဖြင့် ပွဲထွက်ခဲ့သည်။မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ၂၈ မိနစ်တွင် ဆွမ်လမန်က သွင်းယူပြီး ဘူရွန်ဒီအသင်းအတွက် ချေပဂိုးကို ၇၈ မိနစ်တွင် သွင်းယူကာ အနိုင်ဂိုးကိုမူ ၈၁ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် သွင်းယူခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၁၀ ရက်က တူရကီအပျော်တမ်းကလပ်ဖြစ်သော မာနက်ဗ်ဂတ်စပေါ်အသင်းနှင့် ခြေစမ်းကစားထားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ယခုပွဲတွင် ဘူရွန်ဒီအသင်းကို အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် အင်ဒိုနီးရှားလက်ရွေးစင်အသင်းနှင့် ထပ်မံခြေစမ်းမည်ဖြစ်ပြီး အခြားခြေစမ်းပွဲများလည်း ထပ်မံကစားနိုင်ရန် ကြိုဲးပမ်းလျက်ရှိသည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF